Detective Conan Movie 26 Black Iron Submarine 2023
၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆
ကားမြောက် “Detective Conan: Black Iron Submarine” ဟာ
Conan ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “Black
Organization” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်
ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်
အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition system (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “Pacific Buoy” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ
အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “Naomi Argento” ကို Black Organization ကပြန်ပေးဆွဲသွားပြီး အဲဒီနည်းစနစ်ကို ကိုယ်ကျိုးအတွက်သုံးဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာလည်း Black Organization ကနေ သစ္စာဖောက်ထွက်ပြေးသွားတဲ့ “Sherry (Miyano Shiho/ Ai Haibara)” တစ်ယောက် အဲဒီနည်းစနစ်ကြောင့် သူ့ကိုရှာတွေ့သွားမှာဆိုတာကို စိုးရိမ်ဗျာများနေရပါတော့တယ်။ အဲဒီပြန်ပေးဆွဲမှု၊ စိုးရိမ်ပူပန်မှုတွေကို Conan တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။
Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် crime anime genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။
Gosho Aoyama (1963~) ရေးပြီး
၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka
Case Closed) manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင်
ဇာတ်ကောင်ဖြစ်သူ Conan လည်း ကလေးဖြစ်လိုက်၊
လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊
အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ်ထဲဆိုရင်
နှစ်ပေါင်း ၃၀ ရှိနေပါပြီ။
Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ chapter ပေါင်း ၁၁၂၈ ခု နဲ့ volume ပေါင်း ၁၀၅ တွဲ ထွက်ရှိထားပါတယ်။
Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၃၁ ပိုင်းထွက်ရှိထားပါတယ်။
Manga canon episodes တွေနဲ့ filler episodes (TV original episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၃၁ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က filler episodes တွေဖြစ်ပါတယ်။
movie အနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၇ ကားရှိနေပါပြီ။
Conan ရဲ့ မဟာရန်သူတော်အဖွဲ့ကြီး Black Organization ပါတဲ့ anime movie တွေဆိုရင် စာရေးသူမှတ်မိသလောက်
-Countdown to Heaven (2001),
-The Raven Chaser (2009),
-The Darkest Nightmare (2020) တွေဖြစ်ပြီး
အခုဘာသာပြန်တင်ဆက်ထားတဲ့ Black
Iron Submarine (2023) လည်းအပါအဝင်ပါ။
Black Iron Submarine ကို ရုံမတင်ခင် “Detective Conan The Story of Ai Haibara ~Black Iron Mystery Train ~” ဆိုပြီး အရင်တုန်းကထွက်ခဲ့တဲ့ Black Organization ပါဝင်တဲ့ အန်နီမဲအပိုင်းတွေကို စုစည်းပြီး compilation movie အဖြစ် ရုံတင်သွားခဲ့တဲ့အပြင် အခုဇာတ်ကားရဲ့ pre-story episode ကလည်း “Episode 1080: The Cameras Targeting Haibara” ဖြစ်ပါတယ်။
ဒီတစ်ကားတည်းမှာမဟုတ်ဘဲ
Conan anime movie ဇာတ်ကားတိုင်းမှာ pre-story
episode တွေ ကိုယ်စီရှိကြပါတယ်။
Black Iron Submarine ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ တည်နေရာက အပြင်မှာတကယ်ရှိပြီး ဖိလစ်ပိုင်ပင်လယ်ထဲက ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ Hachijojima မှာဖြစ်ပါတယ်။
အခုဇာတ်ကားရဲ့
theme song ဖြစ်တဲ့ “Utsukushii Hire” Spitz ကသီဆိုထားတာဖြစ်ပါတယ်။
ဒီနှစ်ထဲရုံတင်ခဲ့တဲ့ ၂၇ ကားမြောက် Detective Conan: The Million-dollar Pentagram ကတော့ ဟော့ကိုင်းဒိုးက Hakodate မှာ အခြေတည်ထားပြီး Kaito Kid နဲ့ Hattori Heiji တို့က အဓိကပါဝင်ကြမယ်လို့ trailer တွေအရ သိရှိထားပါတယ်။
ဘာသာပြန်တင်ဆက်ဖို့က digital release ထွက်လာမှာကို
စောင့်မျှော်နေရင်း Conan နဲ့ Black Organization တို့ အခုဇာတ်ကားထဲမှာ ဘယ်လိုထပ်မံရင်ဆိုင်ကြမလဲဆိုတာ ရင်ခုန်စွာ
ကြည့်ရှုလိုက်ကြပါစို့။
Review and Translated by AK
Download Link
0 Comments