Review (Megumi)
ဟိုးအရင်တုန်းက အများနည်းတူ ကြက်သွေးရောင် လရောင်အောက်မှာ မဟုတ်ဘဲ အပြာရောင် လရောင်ရဲ့အောက်မှာမွေးဖွားလာလို့ မျိုးနွယ်တူတွေရဲ့ မုန်းတီးပစ်ပယ်ခြင်းကို ခံခဲ့ရတဲ့ Vanitas ဆိုတဲ့ vampire တစ်ယောက်ရှိပါတယ်။ ဒီလိုမျိုး အထီးကျန်မှု၊ အမုန်းတရားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတဲ့ Vanitas က vampire မျိုးနွယ်တွေကို လက်စားချေဖို့အတွက် The book of Vanitas အမည်ရတဲ့ မှော်စာအုပ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉ ရာစုနှစ်ကို ရောက်လာတဲ့အခါမှာတော့ Noé Archiviste ဆိုတဲ့ vampire လူငယ်လေးတစ်ယောက်က ဆရာဖြစ်သူရဲ့ ခိုင်းစေချက်အတိုင်း The Book of Vanitas ဆိုတဲ့ စာအုပ်ကိုရှာဖွေဖို့ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ပါရီမြို့ကို ရောက်လာပြီးတဲ့နောက် မထင်မှန်ဘဲ သူလိုက်ရှာနေတဲ့ စာအုပ်နဲ့ အမည်တူ လူတစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ကို ပိုပြီးအံ့သြသွားစေတာက အဲဒီလူက The book of Vanitas ကို အသုံးပြုပြီးတော့ စိတ်ရိုင်းဝင်သွေးဆာနေတဲ့ Vampire တွေကို ကုသပေးနေတဲ့ Vanitas အမည်ရှိ လူသားဆရာဝန်တစ်ယောက် ဖြစ်နေတာပါပဲ။ Noé တစ်ယောက် vampire တွေကို ကုသပေးနေတဲ့ Vanitas ကို ကူညီပေးရင်း ဒီသွေးဆာမှုတွေရဲ့နောက်ကွယ်မှာ Charlatan ဆိုတဲ့ အမည်မသိအဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်မှုရှိနေကြောင်း သိလိုက်ရပါတယ်။
ဆရာဖြစ်သူရဲ့အမိန့်အရ စာအုပ်ကိုလိုက်ရှာနေတဲ့ Noé တစ်ယောက် Vampire လောကရဲ့ အရှုပ်အထွေးတွေနဲ့ ပတ်သက်မိပြီး ဖြေရှင်းရပုံတွေကို ကြည့်ရှုရင်း ၁၉ ရာစုနှစ် ပါရီမြို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ Anime Plus Myanmar က ပြန်ထားတာတွေကို အခွင့်မရဘဲ ပြန်တင်တာမျိုး ပြန်ရောင်းတာမျိုး မလုပ်ပါနဲ့ တကယ်လို့ ကျွန်တော်တို့ logo ပါပြီး တင်တဲ့သူက anime plus နဲ့သက်ဆိုင်တာ မဟုတ်ဘူးဆိုရင်တော့ သေချာပါတယ် အဲံဒါခိုးထားတဲ့သူပါဝယ်ပြီးကြည့်နေရတယ်ဆိုရင်တော့ သင်အလိမ်ခံလိုက်ရတာပါ
Part 1 Link >>> Click Here
3 Comments
AD Blocker မရှိပါပဲနဲ့
ReplyDeleteDetect AD Blocker ပဲပြနေပါတယ်
လုပ်ပါဦး
Please update 😭
ReplyDeleteအစ်မ Megumi ဘာသာပြန်တာလေး
ReplyDeleteသဘောတွေ့မိပါတယ် ဆက်လုပ်ပေးပါကိုယ်တိုင်ပဲ