Detective Conan: Movie 1 The Time-bombed skyscraper

 Detective Conan: Movie 1 The Time-bombed skyscraper




သင်ဟာ စုံထောက်လုပ်ရတာ ဝါသနာပါသူတစ်ယောက်လား?
Anime Plus Myanmar အနေနဲ့ အဲ့သလို စုံထောက်လုပ်ရတာဝါသနာပါတဲ့သူတွေအတွက် puzzle လေးတွေနဲ့အတူ ရင်ခုန်စရာ ဇာတ်ကားတစ်ကားကို ရွေးခဲ့ပါတယ် အဲ့ဒါကတော့ Case Closed/ Detective Conan ပါ
ဒါပေမယ့် Series ထောင်ချီကို ပြန်ပေးမှာမဟုတ်ဘဲ Movie က Total 25 ပိုင်းရှိပြီး Lupin နဲ့ပါတဲ့ Movie အပါအဝင်ဆိုရင်တော့ 26 ခုရှိမှာဖြစ်ပါတယ် အဲ့ဒီ Movie တွေကို Anime Plus Myanmar အနေနဲ့ Nani နဲ့ပေါင်းပြီး Collab မှာဖြစ်ပါတယ် 
ဒီတော့ Conan ကားကိုက Anime PLus Myanmar Blog , Nani Web နဲ့ Oppai Association Web တွေကတစ်ဆင့်ကြည့်နိုင်မှာဖြစ်ပါတယ် 
Review
ငယ်ရွယ်ပြီး ထက်မြက်တဲ့ Kudo Shinichi ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ ထက်ရှတဲ့ ညဏ်ကြောင့် စုံထောက်တွေကြား အငယ်ဆုံးစုံထောက်လေးဆိုပြီး နာမည်ကြီးတဲ့ သူတစ်ယောက်ပါ တစ်နေ့ သူ့ငယ်သူငယ်ချင်း Ran နဲ့အတူ ကစားကွင်းကို သွားရင်း လူသတ်မှုတစ်ခုကိုဖြေရှင်းပေးခဲ့ပါတယ် အဲ့ဒီလူသတ်မှုကို ဖြေရှင်းအပြီး အဲ့ဒီ လူသတ်မှုထဲမှာ သူတို့လိုပဲ ပါဝင်သွားခဲ့တဲ့ လူနှစ်ယောက် အိတ်တစ်ခုကို ကိုင်ပြီး ပုံးလျှိုးကွယ်လျှိုးလုပ်နေတာကို မြင်ခဲ့တာပေါ့ ဒါကြောင့် Shinichi တစ်ယောက် နောက်ကနေလိုက်ချောင်းရင်းပဲ အာရုံစိုက်နေရာကနေ သူလိုက်သွားတဲ့ အမျိုးသားနှစ်ယောက်ထဲက တစ်ယောက်က နောက်ကနေ ခေါင်းကို ဒုတ်နဲ့ရိုက်ချခံရပြီး မေ့လျော့လျော့ဖြစ်သွားခဲ့ပါတယ် 
သတိလစ်လုနီးနီးဖြစ်နေတဲ့ Shinichi ကို အဲ့ဒီလူနှစ်ယောက်က ဆေးတစ်လုံးတိုက်ခဲ့တာကို သိလိုက်ပေမယ့် ပြန်နိုးလာတော့ မူလတန်းအရွယ်ကောင်လေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်
အဲ့သလို Shinichi တစ်ယောက် သူ့အိမ်ကိုပြန်ရင်းကနေ Ran နဲ့တွေ့ပြီး Conan ဆိုတဲ့နာမည်နဲ့ သူ့ကို ကလေးဖြစ်အောင်ပြောင်းသွားတဲ့လူနှစ်ယောက်ကို Ran အိမ်မှာနေရင်းနဲ့ စုံစမ်းဖို့လုပ်ပါတော့တယ်
ကလေးဖြစ်သွားပေမယ့် ဦးနှောက်ကတော့အရင်လိုဖြစ်သွားတဲ့ Conan/Shinichi အတွက် ဘယ်လိုမျိုးများ ပြဿနာတွေ လူသတ်မှုတွေ Puzzle တွေအပြင် စွန့်စားမှုတွေရလာမလဲဆိုတာကတော့.....
ဒါဆို Movie တွေနဲ့အတူ လိုက်ပြီး ခံစားကြည့်ရအောင်ပါ

ကျွန်တော်တို့ Anime Plus Myanmar က ပြန်ထားတာတွေကို အခွင့်မရဘဲ ပြန်တင်တာမျိုး ပြန်ရောင်းတာမျိုး မလုပ်ပါနဲ့ 

တကယ်လို့ ကျွန်တော်တို့ logo ပါပြီး တင်တဲ့သူက anime plus နဲ့သက်ဆိုင်တာ မဟုတ်ဘူးဆိုရင်တော့ သေချာပါတယ် အဲံဒါခိုးထားတဲ့သူပါဝယ်ပြီးကြည့်နေရတယ်ဆိုရင်တော့ သင်အလိမ်ခံလိုက်ရတာပါ


Download Link

Datbu            (or)        Terabox            (or)        တိုက်ရိုက်ကြည့်ရန်


Post a Comment

1 Comments